တရုတ် – အာဆီယံစင်တာနှင့် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနတို့အကြား ဆက်လက်ပူးပေါင်းမည်

0
209

၂၀၂၃ ခုနှစ် တရုတ် – အာဆီယံ ပညာရေး ပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ် အခမ်းအနားတက်ရောက်ရန် တရုတ်နိုင်ငံ၊ ကွေ့ကျိုးပြည်နယ်၊ ကွေ့ရမ်မြို့သို့ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့်တရုတ် – အာဆီယံစင်တာ၏ အထွေထွေ အတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun တို့သည် သြဂုတ် (၂၈) ရက် မွန်းလွဲပိုင်းက Howard Johnson Hotel တွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

တရုတ် – အာဆီယံစင်တာနှင့် မြန်မာနိုင်ငံ ပညာရေးဝန် ကြီးဌာနကြား ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တရုတ် – အာဆီယံစင်တာ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun တို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဥ် တရုတ် – အာဆီယံစင်တာ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun နှင့်အဖွဲ့ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မြန်မာနိုင်ငံသို့ လာရောက်စဉ် ပညာရေးဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုများကို အကောင်အထည်ဖော်ရန်လည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပညာရေးဝန်ကြီးဌာနနှင့် တရုတ် – အာဆီယံစင်တာအကြား ဆက်လက်ပူးပေါင်းဆောင်ရွက်လိုသည့် အစီအစဉ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here