ယနေ့ နံနက်ပိုင်းက မြန်မာအလုပ်သမား ၁၄၆ ဦး ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာ

0
329

တောင်ကိုရီးယား နိုင်ငံတွင် အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမား (၁၄၆) ဦးသည် ယနေ့ သြဂုတ်လ (၂၉) ရက် နံနက်ပိုင်းက ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သိရသည်။

အဆိုပါ မြန်မာအလုပ်သမားများတွင် ကုန်ထုတ်လုပ်သားသစ်(၁၀၁)ဦး၊ စိုက်မွေးလုပ်သားသစ်(၄၅)ဦး စုစုပေါင်း ၁၄၆ ဦး ပါဝင်ပြီး ၎င်းတို့အား ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီမှတဆင့် EPS စနစ်ဖြင့် စေလွှတ်ခဲ့ခြင်းဖြစ်သည်။

ကိုရီးယားနိုင်ငံ၊ အင်ချွန်းလေဆိပ်သို့ ရောက်ရှိလာသည့် မြန်မာအလုပ်သမားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမား သံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားကာလိုအပ်သည်များကိုကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here