ရွှေဘိုမြို့နယ်တွင် ကျေးလက်ကျန်းမာရေးဌာနခွဲအတွင်းမှ လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ

0
249

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးတောကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦးအတွင်းမှ သြဂုတ် (၂၉) ရက် နံနက်ပိုင်းက လက်နက်/ခဲယမ်းများနှင့်ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်းက လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ရွှေဘိုမြို့နယ်၊ ဇီးတောကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦးအား ဝင်ရောက်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာ ကျေးလက်ကျန်းမာရေးဌာနခွဲအဆောက်အဦးအတွင်းမှ Super Custom ကား (၁) စီး၊ ဆိုင်ကယ် (၃) စီး၊ လက်လုပ်သေနတ် (၁) လက်၊ ၎င်းကျည်အိမ် (၁) ခု၊ လက်လုပ်မိုင်း (၉) လုံး၊ ပြောက်ကျားယူနီဖောင်းများနှင့်အခြား ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သိမ်းဆည်းရမိခဲ့သည့် လက်နက်/ခဲယမ်းများနှင့်ဆက်စပ်ပစ္စည်းများအား သက်ဆိုင်ရာသို့အပ်နှံ၍ ရွှေဘိုမြို့နယ်အတွင်း လက်နက်ကိုင်အဖွဲ့ဝင်များ ခိုအောင်းနေထိုင်မှု မရှိစေရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here