သြဂုတ်လ တစ်လတည်းတွင် EV မော်တော်ယာဉ် အစီးရေ (၃၂၀) ကျော်ကို မှတ်ပုံတင်ခွင့်ပြုထား

0
216

သြဂုတ်လအတွင်း ရန်ကုန်စက်မှုဆိပ်ကမ်း၊ သီလဝါနှင့် ထီးတန်းဆိပ်ကမ်းတို့တွင် ရောက်ရှိနေသည့် EV မော်တော်ယာဉ် အမျိုးစားပေါင်းစုံ အစီးရေ (၃၂၀) ကျော်ကို မှတ်ပုံတင်ထုတ်ယူခွင့်ပြုခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

လက်ရှိ သြဂုတ်လ တစ်လတည်းတွင် မှတ်ပုံတင်ခွင့်ပြုထားသည့် EV မော်တော်ယာဉ် အရေအတွက်သည် ပြီးခဲ့သည့် ဇူလိုင်လထက် ပိုများနေကြောင်းလည်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားသည့် စာရင်းအချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် မှတ်ပုံတင်ခွင့်ပြုထားသည့် EV အစီးရေ (၁၁၀) စီးသာ ရှိခဲ့ခြင်းဖြစ်ပြီး ယခု ဩဂုတ်လတွင် အစီးရေ (၃၂၀) ကျော်အထိ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ပြည်တွင်းဝယ်လိုအား များနေသည့်အတွက်တစ်လလျှင် အစီးရေ (၅၀၀) ဝန်းကျင် ဆိပ်ကမ်းမှ ထုတ်ယူခွင့်ပြုသင့်ကြောင်း EV လုပ်ငန်းရှင် တချို့ကအကြံပြုထားကြောင်း သိရသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းလာသော EV မော်တော်ယာဉ်တွေကို အကောက်ခွန် (ဝ) ရာခိုင်နှုန်းအထိ ကင်းလွတ်ခွင့်ပြုထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here