ကမ္ဘောဒီးယား ၀န်ကြီးချုပ်သစ် လာမည့်လတွင် ကုလသမဂ္ဂ၌မိန့်ခွန်း​ပြောမည်

0
248

က​မ္ဘောဒီးယားဝန်ကြီးချုပ်သစ် ဟွန်မာနက်က အမေရိက နှင့် အီးယူ တို့က၄င်းအား ကမ္ဘောဒီးယား ၀န်ကြီးချုပ်အဖြစ် အသိအမှတ်မပြုဘူးဟု ဆိုပြီးသူ့ကိုဝေဖန် ဆန္ဒပြသူများကို “သူတို့ပြောတဲ့စကားတွေကို သူတို့ပြန်ရုတ်သိမ်းရလိမ့်မယ်” ဟု ယမန်နေ့က တုန့်ပြန်ပြောဆိုခဲ့သည်။

ယမန်နေ့က ဖနွမ်းပင်မြို့ Por Senchey ခရိုင်တွင် အလုပ်သမား ၁၈,၀၀၀ ခန့်နှင့် ဟွန်မာနက် တွေ့ဆုံစဉ် ဝန်ကြီးချုပ်အသစ်၏ ပထမဆုံးသော လူထုကြားထဲ​ပြောသည့်စကားလည်းဖြစ်သည်။

တနင်္လာနေ့က ဥရောပသမဂ္ဂ သံအမတ်ကြီး Carmen Moreno ကနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သကဲ့သို့ အမေရိကန် အထက်လွှတ်တော် ငွေကြေး ခွဲဝေသုံးစွဲရေး ကော်မီတီ ၏ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကလည်း သူ့အားဝန်ကြီးချုပ်အဖြစ်လာရောက်​တွေ့ဆုံခဲ့သည်။

အထက်လွှတ်တော်၏ နိုင်ငံခြားရေး လုပ်ငန်းများ နှင့် ဆက်စပ်လုပ်ငန်းဆပ်ကော်မတီ မှ ဒီမိုကရက်တစ်/ ဝန်ထမ်း ညွှန်ကြားရေးမှူး Alex Carnes သည် တနင်္လာနေ့တွင် နန်းတော်၌ မစ္စတာ ဟွန်မာနက်နှင့် လာ​ရောက်တွေ့ဆုံခဲ့သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် စက်တင်ဘာ ၂၂ ရက်တွင်နယူးယောက်မြို့၌ ကျင်းမည့် ကုလ သမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားရန် ဖိတ်ကြားခံထားရကြောင်းလည်း မစ္စတာဟွန်မာနက်က ​ပြောကြားခဲ့သည်။

“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့လည်း တွေ့ဆုံဖို့ အစီအစဉ် ရှိပါတယ်။ဒါကြောင့် ကုလသမဂ္ဂအစည်းအဝေးကို ကျွန်တော်တက်တဲ့အခါ အတိုက်အခံအဖွဲ့တွေရဲ့ ဆန္ဒပြပွဲတွေက အဓိပ္ပာယ်မဲ့သွားမှာပါ” ဟု ၎င်းက ဆိုသည်။

Ref: khmertimeskh


LEAVE A REPLY

Please enter your comment!
Please enter your name here