မြန်မာ – ရုရှား နှစ်နိုင်ငံပူးပေါင်းနေမှုများအားမြန်မာသံအမတ်ကြီးနှင့် စင်ကာပူသံအမတ်ကြီးတို့ဆွေးနွေး

0
210

မြန်မာ – ရုရှား နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်နေမှုများကို ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးလွင်ဦးနှင့် စင်ကာပူသံအမတ်ကြီး H.E. Mr. Mark Neo Ek Beng တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် ရုရှားနိုင်ငံဆိုင်ရာ စင်ကာပူသံရုံး၏ သံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်မည့် H.E. Mr. Mark Neo Ek Beng တို့ သြဂုတ် (၂၈) ရက်မွန်းလွဲ (၃) နာရီက မြန်မာသံရုံး၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သ ည်။

ယင်းသို့ တွေ့ဆုံစဥ် ရုရှား – စင်ကာပူ နှစ်နိုင်ငံဆက်ဆံရေး ၊ အာဆီယံရေးရာများ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံကြား ချစ်ကြည်စွာ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာသံအမတ်ကြီးမှ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ၊ မြန်မာနိုင်ငံအတွင်းရှိ အကြမ်းဖက်အဖွဲ့အစည်းများက မငြိမ်မသက်ဖြစ်စေရန်၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေရန် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေမှုများ၊ ယင်းအခြေအနေများကြားတွင် ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရှိစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ ကြောင်းလည်း သိရသည်။

ထို့အပြင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပနိုင်ရန် အားထုတ်ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍မြန်မာသံအမတ်က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here