ယခုလတွင် အောင်ဘာလေ ထီရောင်းအားကျပ်(၇)သန်းနီးပါးလျော့

0
187

ဩဂုတ်လအတွက် အောင်ဘာလေ ထီရောင်းရငွေမှာယခင်လနှင့် နှိုင်းယှဉ်ပါက ကျပ် ၇ သန်းနီးပါး လျော့ကျခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုလအတွက် (၅၄) ကြိမ်မြောက်အောင်ဘာလေထီနှင့် အောင်ဘာလေအွန်လိုင်းထီ နှစ်ခုပေါင်း ထီလက်မှတ်ရောင်းရငွေမှာ ကျပ် ၅၂၉၃ ဒသမ ၁၈၈ သန်း (ကျပ် ၅ ဒသမ ၃ ဘီလျံနီးပါး) ရရှိထားပြီး ယင်းငွေများထဲမှ ကျပ် သန်း ၃၇၀၀ ကျော်ကို ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ထီလက်မှတ်ရောင်းရငွေမှာ ကျပ်သန်း ၅၃၀၀ ကျော် ရရှိခဲ့ပြီး ယခုထက် ၇ သန်းနီးပါး ပိုမိုရရှိခဲ့ကြောင်း သိရသည်။

လာမည့် စက်တင်ဘာ (၁) ရက်တွင် ပြုလုပ်မည့် အောင်ဘာလေထီဖွင့်ပွဲတွင် အထူးဆုကြီးအဖြစ် ကျပ်သိန်းငါးထောင် (၁) ဆု၊ ကျပ်သိန်း နှစ်ထောင် (၁) ဆုနှင့် ကျပ်သိန်း တစ်ထောင် (၁) ဆုကို ချီးမြှင့်သွားမည်ဖြစ်ပြီး တခြားသော ဆုမဲတွေကိုလည်း အရေအတွက် ပြောင်းလဲ၍ ချီး မြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here