ယူကရိန်းစစ်ရေးအကူအညီအတွက် အီးယူက ရန်ပုံငွေကိစ္စ ဆွေးနွေးရန်ကို ဟန်ဂေရီ ငြင်းဆို

0
203

ယူကရိုးအစိုးရက ဟန်ဂေရီ၏ OTP ဘဏ်အား “နိုင်ငံတကာစစ်ပွဲအတွက် ပံ့ပိုးကူညီသူများ” အဖြစ် စာရင်းသွင်းထားဆဲဖြစ်သောကြောင့် ယူကရိန်းစစ်ရေးအကူအညီအတွက် အီးယူမှ ရန်ပုံငွေကောက်ခံခြင်းကိစ္စဆွေးနွေးရန် ဖိတ်ခေါ်မှုကို ဟန်ဂေရီက ငြင်းဆိုထားကြောင်း ဟန်ဂေရီကာကွယ်ရေးဝန်ကြီး Kristof Szalay-Bobrovniczky က ပြောကြားခဲ့သည်။

စပိန်နိုင်ငံ တိုလီဒိုမြို့တွင် ပြုလုပ်ခဲ့သော ၎င်း၏ အီးယူမိတ်ဖက်များနှင့် အလွတ်သဘောတွေ့ဆုံမှုအပြီးတွင် ဟန်ဂေရီကာကွယ်ရေးဝန်ကြီးက သူ၏ Facebook စာမျက်နှာတွင် တင်ထားသည့် ဗီဒီယိုတစ်ခု၌ ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။(Facebook ကို Meta Corporation က ပိုင်ဆိုင်သဖြင့် အစွန်းရောက်သည်ဟု ဆိုကာ ရုရှားတွင် ပိတ်ပင်ထားသည်)။

“ယူကရိန်ဟြာ အကြီးဆုံး ဟန်ဂေရီဘဏ် OTP ကို “နိုင်ငံတကာ စစ်ပွဲအတွက် ပံ့ပိုးကူညီသူများ” စာရင်းမှာ ထည့်သွင်းထားဆဲဖြစ်တယ်။ ဒါကို လက်ခံနိုင်စရာမရှိဘူးလို့ အစည်းအဝေးမှာ ရှင်းပြခဲ့တယ်။ OTP ကို ဒီစာရင်းကနေ မဖယ်သရွေ့တော့ ယူကရိန်းကို စစ်ရေးအကူအညီနဲ့ ဘဏ္ဍာငွေဆိုင်ရာ ထောက်ပံ့ကူညီဖို့ ညှိနှိုင်းမှုတွေ လုပ်နေမှာ မဟုတ်ဘူး” ဟု ဟန်ဂေရီကာကွယ်ရေးဝန်ကြီးက ဆိုသည်။

ဥရောပသမဂ္ဂ ထိပ်တန်းသံတမန် Josep Borrell က အီးယူသည် ယူကရိန်းအား စစ်ရေးအကူအညီအတွက် နှစ်စဉ် ယူရို ၅ ဘီလီယံ အသုံးပြုနိုင်မည့် ၂၀၂၄-၂၀၂၇ ခုနှစ်များအတွက် ရန်ပုံငွေထူထောင်ရန် စီစဉ်နေကြောင်း ဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့သည်။ ထို့ကြောင့် ရုရှား-ယူကရိန်း စစ်ပွဲသည် ဆက်လက်တာရှည်နေဦးမည်ဟုလည်း သုံးသပ်လေ့လာသူများက ခန့်မှန်းကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here