မြန်မာ-တရုတ် နှစ်နိုင်ငံကြားစီမံကိန်းများကို အရှိန်အဟုန်မြှင့်အကောင်အထည်ဖော်ရန်ဆွေးနွေး

0
249

မြန်မာ-တရုတ် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်နေသည့်စီမံကိန်းများကို အရှိန်အဟုန်မြှင့်အကောင်အထည်ဖော်ရန် နစက ဒု-ဝန်ကြီးချုပ်၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့်မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ သြဂုတ် ၃၀ ရက်နံနက် ၁၀ နာရီက နေပြည်တော်၌ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံကြား ရှိရင်းစွဲဆွေမျိုးပေါက်ဖော်ဆက်ဆံရေးပိုမိုတိုးတက်ခိုင်မာရေး၊မြန်မာ- တရုတ် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို နှစ်ဖက်အပြန်အလှန်အကျိုးရှိစေမှုပေါ်မူတည်၍ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်သွားရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံနယ်စပ်ဒေသများတည်ငြိမ်အေးချမ်းမှုထိန်းသိမ်းရန် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းကို အကောင်အထည် ဖော်နိုင်ရေး၊မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘောဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်နှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံနှင့်ကုလသမဂ္ဂတို့တွင် အကျိုးတူပူးပေါင်းဆောင် ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here