NCA (၈)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို နိုင်ငံရေးအဓိပ္ပာယ်ပြည့်ဝစွာကျင်းပနိုင်ရေးအပါအဝင် ဒေသအလိုက် EAO များ၏ ဦးဆောင်မှုကိုမြှင့်တင်ရေးတို့ကိုဆွေးနွေး

0
195

NCA (၈)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို နိုင်ငံရေးအဓိပ္ပာယ်ပြည့်ဝစွာကျင်းပနိုင်ရေးအပါအဝင် ဒေသအလိုက် EAO များ၏ ဦးဆောင်မှုကိုမြှင့်တင်ရေးတို့အား နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့(NSPNC)နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့ဖြစ်သည့် ALP , DKBA , KNU/KNLA-PC , LDU , PNLO တို့မှကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့တို့သည် သြဂုတ် ၃၀ ရက်နံနက်ပိုင်းက ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့အဖြစ် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် ပဋိပက္ခဒဏ်ခံစားနေရသော ဒေသများရှိ တိုက်ပွဲရှောင်နှင့်ဒေသခံပြည်သူလူထုအ တွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် NCA လက်မှတ်ရေးထိုးထားသည့် သက်ဆိုင်ရာနယ်မြေများမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် EAO များကိုယ်တိုင်လက်တွေ့ကျကျပါဝင်လုပ်ဆောင်နိုင်ရေး၊ နိုင်ငံရေးနယ်ပယ်တွင် ဒေသအလိုက် EAO များ၏ ဦးဆောင်မှုကိုမြှင့်တင်ရေးနှင့် NCA (၈)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို နိုင်ငံရေးအဓိပ္ပာယ် ပြည့်ဝစွာကျင်းပနိုင်ရေးတို့ကိုလည်းဆွေးနွေးကာ တက်ရောက်လာသူများမှ မိမိတို့၏သဘောထားများကိုအပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့တို့သည် သြဂုတ် ၃၁ ရက်တွင်လည်း တတိယနေ့အဖြစ် ထပ်မံတွေ့ဆုံဆွေးနွေး၍ နှစ်ဖက်တူညီသည့်သဘောထားများကို သဘောတူညီချက်များအဖြစ် လက်မှတ်ရေးထိုးသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here