TNLA က နမ့်ဖတ်ကာကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့၍ ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရ

0
159

စိန်​ခေါ်ခံ​နေရ​သော အ​ရှေ့​မြောက် တခွင်ဖြစ်လာ

ရှမ်းပြည်နယ်၊ကွတ်တ်ခိုင်မြို့နယ်၊နမ့်ဖတ်ကာကျေးရွာအတွင်းသို့ TNLA အဖွဲ့ဝင်များမှ သြဂုတ် ၃၀ ရက်နံနက်ပိုင်းက လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ယမန်နေ့နံနက် ၁၀ နာရီခွဲခန့်က TNLA အဖွဲ့ဝင်များသည် နမ့်ဖတ်ကာကျေးရွာ၏ တောင်ဘက်မီတာ ၅၀၀ ခန့်အကွာမှကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကျည်များသည် ကျေးရွာအတွင်း၌ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက်(၁၆)နှစ်အရွယ် ရှိ အမျိုးသမီး ၁ ဦးသေဆုံးကာ အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၁ ဦးတို့တွင်လည်း လက်နက်ကြီးကျည်များထိမှန်ခဲ့၍ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ကွတ်ခိုင်ပြည်သူ့ဆေးရုံနှင့်နယ်မြေခံဆေးတပ်ရင်းများသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် လုံခြုံရေးအဖွဲ့ဝင်များက နမ့်ဖတ်ကာကျေးရွာနှင့်အနီးပတ်ဝန်းကျင်အား လိုအပ်သည့်နယ်မြေလုံခြုံရေးနှင့်နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here