မလေးရောက် မြန်မာနိုင်ငံသူ မိချစ်စုရီမှာ နေအိမ်ရှိ ရေပိုက်ကို ခလုတ်တိုက်ပြီး ပစ်လဲရာမှ ဆေးခန်းအရောက် နောက်ကျ၍ သေဆုံး

0
306

မလေးရှားနိုင်ငံ KL Maluri မှာ နေထိုင်သည့် မြန်မာနိုင်ငံသူ မိချစ်စုရီ အသက် (၂၃) နှစ်သည် နေအိမ်တွင် ထိခိုက်ဒဏ်ရာရခဲ့သော်လည်း ဆေးခန်းပြရန် အထောက်အထားမရှိသောကြောင့် ဆေးခန်းရောက် နောက်ကျ၍ သေဆုံးသွားခဲ့ရသော်ကြောင့် သြဂုတ် (၃၀)ရက်က နာရေးပြုလုပ်ခဲ့ရကြောင်း နှလုံးလှပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား) သိရသည်။

မိချစ်စုရီမှာ နေအိမ်ပေါ်ရှိ ရေပိုက်အား ခလုတ်တိုက်မိပြီး (၂) ပေ ခန့် အမြင့်မှ ပြုတ်ကျ၍ ဦးခေါင်းဘယ်ဘက် အခြမ်းအား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးခန်းရောက် နောက်ကျ၍ သေဆုံးခဲ့ရကာ ကွယ်လွန်သူ၏ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများနှင့် နာရေးပြုလုပ်ခဲ့ရခြင်းဖြစ်သည်။

“ဆေးခန်းသွားဖို့ကျတော့ အထောက်အထားမရှိတာကတကြောင်း မလေးကို ရောက်တာ လပိုင်းပဲ ရှိသေးတော့ ဟိုလူစောင့် ဒီလူစောင့်နဲ့ အချိန်တွေ ကြာသွားခဲ့တာကတကြောင်း ဆေးခန်းရောက်နောက်ကျတော့ သေဆုံးသွားခဲ့ပါတယ်။”ဟု နှလုံးလှပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား) သိရသည်။

ကွယ်လွန်သူအား သြဂုတ် (၃၀)ရက်က ချဲရတ်ဂျလန်ကွာလီ သုဿန်သို့ နေ့လည် (၁)နာရီတွင် ကွယ်လွန်သူ၏ မိသားစု မိတ်ဆွေ သူငယ်ချင်းများနှင့်အတူ နှလုံးလှပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား)မှ ကုသိုလ်ယူ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကွယ်လွန်သူ မိချစ်စုရီမှာ မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးအနောက်ဘက်ကမ်း ကျေးရွာအုပ်စု၊ သရက်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here