ကျောက်တန်းမြို့နယ်တွင် အကြော်ကြော်သည့် မီးဖို၏မီးကြွင်းမီးကျန်မှတဆင့် နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံး

0
212

ရန်ကုန်တိုင်း၊ကျောက်တန်းမြို့နယ်၊တံတားမြို့၊အမှတ်(၃)ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သြဂုတ် ၃၀ ရက်ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၉ နာရီ ၄၅ မိနစ်ခန့်က ကျောက်တန်းမြို့နယ်၊တံတားမြို့၊အမှတ်(၃)ရပ်ကွက်၊အေးစေတီလမ်းနှင့်အောင်သပြေလမ်းထောင့်ရှိ နေအိမ်တစ်လုံးတွင် အကြော်ကြော်သည့် မီးဖို၏မီးကြွင်းမီးကျန်မှတဆင့် မီးဖိုအနီးရှိ လက်နှီးစုပ်နှင့်ထင်းစများကို မီးကူးစက်ရာမှနေအိမ်မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုအား တံတားနယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၉ နာရီ ၅၀ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မီးလောင်မှုကြောင့် ၁၅ ပေပတ်လည် ပျဉ်ထောင်/သွပ်မိုး ၂ ထပ်နေအိမ်နှင့်အတွင်းပစ္စည်းများမီး လောင်ဆုံးရှုံးခဲ့သဖြင့် နေအိမ်ပိုင်ရှင်အား တံတားနယ်မြေရဲစခန်းမှ (ပ)၁၂/၂၀၂၃၊ရာဇသတ်ကြီးပုဒ်မ-၂၈၅ အရအမှုဖွင့်ထားကြောင်း သိရသည်။

Photo-ကိုဝင်းစိုး


LEAVE A REPLY

Please enter your comment!
Please enter your name here