မြန်မာ့ကြက်သွန်နီ တန်ချိန် (၂၀၀) ဘင်္ဂလားဒေ့ရှ်မှ ဝယ်ယူမည်

0
308

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကြက်သွန်နီတန်ချိန် (၂၀၀) ကို ဘင်္ဂလား​ဒေ့ရှ် သို့ဝယ်ယူတင်သွင်းခွင့် ပြုလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားထားသည်။

မြန်မာနိုင်ငံအနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ကြက်သွန်နီ တန်ချိန် (၁) သိန်းကျော်အထိ တိုးမြှင့်တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်းလည်း သိရသည်။‌

ဘင်္ဂလားဒေ့ရှ် အစိုးရမှ တင်သွင်းခွင့်ပြုထား​သော ကြက်သွန်နီတန်ချိန် (၂၁,၅၈၀)ထဲမှ မြန်မာနိုင်ငံအနေဖြင့် ခွဲတမ်းအဖြစ် တန်ချိန် (၂၀၀) တင်ပို့ခွင့်ရရှိထားခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံထွက် ကြက်သွန်နီကိုတရုတ်၊ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ အဝယ်လိုက်နေခြင်းကြောင့် ကြက်သွန်နီ ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်းလည်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်နီဧက ၁ ဒသမ ၇ သိန်းကျော် စိုက်ပျိုးပြီး နှစ်စဉ် တန်ချိန် တသန်းကျော် ထွက်ရှိကာ ပြည်ပတင်ပို့မှုအနေဖြင့် တနှစ်လျင် တန်ချိန် တစ်သိန်းဝန်းကျင်သာရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းတွင် ပြည်တွင်းဈေးကွက်အတွင်း၌ ကြက်သွန်နီ တစ်ပိဿာလျှင် ကုန်စည်ဒိုင်စျေး ကျပ် ၂,၀၀၀ ဝန်းကျင်တွင်သာ ရှိခဲ့ပြီး လက်ရှိတွင် တစ်ပိဿာ အမြင့်ဆုံး ကျပ် (၃၅၀၀) အထိ ဈေးရနေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here