ပွဲကောက်ရေတံခွန်အဆင်းလမ်းတွင် အမျိုးသား၊အမျိုးသမီး ၆ ဦး ပဒူတုပ်ခံရပြီး ၂ ဦးစိုးရိမ်ရ

0
348

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့ရှိ ပွဲကောက်ရေတံခွန်အဆင်းလမ်းတွင် သြဂုတ် ၃၁ ရက်(ယနေ့)နံနက်ပိုင်းက အမျိုးသား ၅ ဦးနှင့်အမျိုးသမီး ၁ ဦး (စုစုပေါင်း ၆ ဦး)ပဒူတုပ်ခံခဲ့ရကြောင်း သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ သိရသည်။

“ပဒူတုပ်ခံရတဲ့လူတွေဟာ စမိုင်းကုန်းက ဆောက်လုပ်ရေးအဖွဲ့ကပါ၊ ပွဲကောက်ရေတံခွန်အဆင်းလမ်းအတိုင်းလမ်းလျှောက်လာနေတုန်း သုံးဘီးဂိတ်နားမှာ ၆ ယောက်လုံးကို ပဒူဝင်တုပ်သွားတာ၊ တုပ်ခံရတဲ့ဒဏ်ကြောင့် အမျိုးသား ၁ ယောက်နဲ့အမျိုးသမီး ၁ ယောက်ကတော့ အနည်းငယ်စိုးရိမ်ရတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ပဒူတုပ်ခံခဲ့ရသူများအား သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here