နိုင်ငံတော်ဘာသာနေ့ အခမ်းအနားအား ဒဂုံတောင်ရှိ ပိဋကတ်သုံးပုံ နိကာယ်စာသင်တိုက်တွင်ကျင်းပ

0
299

(၆၂)နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် သာသနာ့အောင်လံတင် အခမ်းအနားအား ယနေ့သြဂုတ် (၃၁) ရက်၊ ဝါ​ခေါင်လပြည့် နံနက် (၈) နာရီက ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ပုလဲရတနာလမ်းရှိ ပိဋကတ်သုံးပုံနိကာယ်စာသင်တိုက်တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် သာသနာ့အောင်လံတော်အား လက်ဆင့်ကမ်းသယ်ဆောင်ပြီးနောက် တိပိဋကဓရ မော်ကျွန်းဆရာတော်အား ဆက်ကပ်ရာ ဆရာတော်မှ သာသနာ့အောင်လံတော်အား တိုင်ထိပ်သို့ ပဌာန်း (၂၄)ပစ္စည်းရွတ်ဆိုကာလွှင့်တင်ပေးတော်မူခဲ့သည်။

ထို့နောက် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့အဖြစ် တိပိဋကဓရ မော်ကျွန်းဆရာတော်ထံမှ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကာ အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

အခမ်းအနားတွင် ဝံသာနုစာပေဆုရရှိသူများအား တိပိဋကဓရ မော်ကျွန်းဆရာတော်မှ ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်းလည်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here