တေးသီချင်းမူပိုင်ခွင့် နှင့်ပတ်သက်ပြီး မူပိုင်ခွင့်ရှိသူများမှတောင်းခံရန် ထုတ်ပြန်

0
862

တေးသီချင်း မူပိုင်ခွင့် နှင့် ပတ်သက်ပြီး အသုံးပြုမည် ဆိုပါက မူပိုင်ခွင့် ရှိသူများထံမှ ခွင့်ပြုချက်တောင်းရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံး မှ တရားဝင် ထုတ်ပြန်ကြော်ငြာခဲ့သည်။

တေးသီချင်းများအား သုံးစွဲခြင်း နှင့် ပတ်သက်၍ စင်တင်ဖျော်ဖြေပွဲ ၊ ရုပ်သံလွှင့်ခြင်း နှင့် Online ထုတ်လွှင့်ခြင်းတို့အတွက် အသုံးပြုမည် ဆိုပါက တရားဝင် မိမိိကိုယ်တိုင် မူပိုင်ခွင့် စီမံခန့်ခွဲသူများ (ထုတ်လုပ်သူ၊တေးရေး၊တေးဆို၊အသံဖမ်း) (သို့မဟုတ်) တရားဝင် မူပိုင်ခွင့် လွှဲအပ်ခြင်း ခံရသော အဖွဲ့အစည်းများ ၊ လူပုဂ္ဂိုလ်များ ထံမှ ခွင့်ပြုချက် ရယူရန် (တီးဝိုင်း နှင့် သီဆိုဖျော်ဖြေပါက တေးရေးခွင့်ပြုချက်ကိုလည်းကောင်း (သို့) music only တီးလုံးဖွင့် ၍ ဖျော်ဖြေလိုပါက မူပိုင်ခွင့်ရှိသော သူများအားလုံးထံမှ ရယူရမည်ဖြစ်ကြောင်းဖော်ပြထားသည်။

တရားဝင်ခွင့်ပြုချက် မယူဘဲ အသုံးပြုမည်ဆိုပါက ဖြစ်ပေါ်လာသည့် ကိစ္စ အဝဝ အတွက် သုံးစွဲသူ တာဝန်ယူရန် နှင့် တာဝန်ယူ ဖြေရှင်းနိုင်ခြင်းမရှိပါက တည်ဆဲဥပဒေ သက်ဆိုင်ရာ အဖွဲ့ အစည်းများ၏ သတ်မှတ်ထားသော စည်းမျဉ်း၊စည်းကမ်း အတိုင်း ဆောက်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) မြန်မာနိုင်ငံ တေးသီချင်း မူပိုင်ရှင်များ အသင်း မှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here