အာရှဖလားခြေစစ်ပွဲနှင့် ခြေစမ်းပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အသင်းသို့ ပြည်ပလိဂ်များတွင် ကစားနေသော ကစားအချို့လာရောက်ပူးပေါင်း

0
337

အာရှဖလားခြေစစ်ပွဲနှင့် ခြေစမ်းပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အသင်းသို့ ပြည်ပလိဂ်များတွင် ကစားနေသော ကစားအချို့လာရောက်ပူးပေါင်းနေပြီ ဖြစ်ကြောင်း သိရသည်။

ယနေ့ပြုလုပ်သောလေ့ကျင်မှု အစီအစဉ်၌ မလေးရှားလိဂ်တွင်ကစားနေသည့် ကွင်းလယ်လူ ကျော်မင်းဦး၊ ထိုင်းလိဂ်-၁ တွင်ကစားနေသည့် ဟိန်းဖြိုးဝင်းတို့ အသင်းနှင့် ပူးပေါင်းခဲ့ပြီး အခြားပြည်ပထွက်ကစားနေသည့်ကစားသမားများသည်လည်း မကြာမီ အချိန်အတွင်းအသင်းနှင့် လာရောက် ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။

ပဏာမမြန်မာ့လက်ရွေးစင်အသင်းသည် နီပေါလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာခြေစမ်းပွဲ၊ မကာအိုနှင့် ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလား/အာရှဖလား ပထမအဆင့် ခြေစစ်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နီပေါနှင့် နိုင်ငံတကာ ခြေစမ်းပွဲကို စက်တင်ဘာလ ၈ ရက်နှင့် ၁၁ ရက် ညနေ ၅ နာရီ၊ မကာအိုအသင်းနှင့် ခြေစမ်းပွဲကို အောက်တိုဘာ ၁၂ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် သု၀ဏ္ဏအားကစားကွင်း၌ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here