အလုပ်အခွင့်အလမ်း (၉၀၀၀) ကျော်ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၂) ခု အတည်ပြု

0
295

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှု ကော်မတီက အလုပ်အကိုင်အခွင့်အလမ်း (၉၀၀၀) ကျော်ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၂)ခုအား အတည်ပြုခွင့်ပြုလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁)ခုနှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၁)ခုတို့ကို အတည်ပြုလိုက်ခြင်းဖြစ်သည်။

ယင်းအတည်ပြုလိုက်သည့် လုပ်ငန်းများထဲတွင် အဝတ်အထည်အမျိုးမျိုးနှင့် ဖိနပ်အမျိုးမျိုးချုပ်လုပ်ခြင်း စသည့် CMP စနစ်နှင့် ချုပ်လုပ်သည့် လုပ်ငန်းများလည်းပါဝင်သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် ၂၀၅၄ ဒဿမ ၃၂၅ သန်းနှင့် အမေရိကန် ဒေါ်လာ ၁၄ ဒဿမ ၇၇၅ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းအဖြစ် ၉,၂၁၆ ယောက်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here