ဖောင်းပြင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းတို့တွင် နေထိုင်သူများအထူးသတိပြုကြပါ
မိုးဇလ၏ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၁) ပေခန့် ကျော်လွန်ရောက်ရှိနေကာ လာမည့် ၄၈ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်ဟု သိရသည်။
စစ်ကိုင်းတိုင်းရှိ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့နှင့်ဖောင်းပြင်မြို့တို့၏ စိုးရိမ်ရေမှတ်များအ ထက်သို့ ကျော်လွန်ရောက်ရှိနေကြောင်း မြန်မာ နိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သြဂုတ် ၃၁ ရက်(ယနေ့)နေ့လည် ၁ နာရီကထုတ်ပြန်ခဲ့သည်။
ဖောင်းပြင်မြို့တွင်လည်း ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့၏ စိုးရိမ်ရေမှတ်အထက် (၁)ပေခန့် ကျော်လွန်ရောက်ရှိနေရာမှ လာမည့် ၂၄ နာရီအတွင်း(၃)လက်မခန့်ထပ်မံမြင့်တက်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက် လက်တည်ရှိနိုင်သည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ဖောင်းပြင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းတို့တွင် နေထိုင်သူများအနေ ဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးဇလက သတိပေးနိုးဆော်ထားသည်။