မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို ရေရှည်ထိန်းသိမ်းနိုင်ရန် လူအင်အား၊ဘဏ္ဍာရေးဆိုင်ရာနှင့်စီမံခန့်ခွဲမှုလိုအပ်ချက်များ ​ဆောင်ရွက်ရန်​ဆွေး​နွေး

0
232

မြန်မာ့ဂုဏ်ဆောင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးလိုအပ်ချက်များနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌက သြဂုတ် ၃၁ ရက်မွန်းလွဲပိုင်းက ဂေါပကအဖွဲ့ရုံး၌ ကျင်းပသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ နစက ဥက္ကဋ္ဌ တက်ရောက်ခဲ့သည်။ 

ဘုရားကြီးသည် ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်ပြီး မြန်မာ့ဂုဏ်ဆောင်သည့် ရုပ်ပွားတော်မြတ်ကြီးဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် လူအင်အား၊ဘဏ္ဍာရေးဆိုင်ရာ၊စီမံခန့်ခွဲမှုလိုအပ် ချက်များကို ရေရှည်အတွက် ယခု သုံးလတာကာလတွေ့ကြုံရမှုများအပေါ်တွက်ချက်၍ စီမံခန့်ခွဲဆောင်ရွက်သွားရမည်ဟု မှာကြားသည်။

ဘုရားကြီးသို့ဝင်ရောက်ဖူးမြော်ရာတွင် ပထမသုံးလတာကာလအတွင်း စမ်းသပ်ကာလအဖြစ် အမြဲ တမ်းစည်းကမ်းသတ်မှတ်ချက်များထုတ်ပြန်ခြင်းမပြုဘဲ ယာယီစည်းကမ်းသတ်မှတ်ချက်များဖြင့်သာဆောင်ရွက်သွားရမည်ဖြစ်ကာ ဘုရားကြီးသို့ဝင်ရောက်ရာတွင် ဘုရားဖူးလာပြည်သူများအ သက်သာဆုံးဖြစ်စေရေးနှင့်ဝင်ရောက်သူအားလုံးကို အခမဲ့ဝင်ရောက်ခွင့်ပေးရမည်ဟု ဆိုသည်။

ဘုရားကြီးဝင်းအတွင်း ကင်မရာပါသည့်ဖုန်း၊အခြားဗီဒီယိုမှတ်တမ်းများရိုက်ကူးခြင်းနှင့်အပျော် တမ်းကင်မရာရိုက်ကူးခြင်းများကိုသာထိုက်သင့်သည့်နှုန်းဖြင့် ကောက်ခံသွားရမည်ဖြစ်ကာ ဘုရားကြီးဝင်းအတွင်း ကားပါကင်သို့ကိုယ်ပိုင်ယာဉ်ငယ်များကိုသာ ဝင်ရောက်ခွင့်ပြုရမည်ဖြစ်ပြီး ယာဉ်ရပ်နားခကို ထိုက်သင့်သည့်ရပ်နားခနှုန်း ထားများအတိုင်းကောက်ခံသွားရမည်ဟု ဆို သည်။

ထို့ပြင် ဘုရားဖူးလာဆရာတော်၊သံဃာတော်များ၊ သက်ကြီးရွယ်အိုများနှင့်မသန်စွမ်းသူများကို ဘာဂီယာဉ်များနှင့်သယ်ယူပို့ဆောင်ပေးရမည်ဖြစ်ကာ ဘုရားကြီး၌ခန့်အပ်မည့် ဝန်ထမ်းများဖွဲ့စည်းခန့်အပ်တာဝန်ပေးရာတွင် စနစ်တကျဖြစ်စေရန် စီစစ်ခန့်အပ်ဆောင်ရွက်ရမည်ဟု ဆိုသည်။

ဂန္ဓကုဋိတိုက်များအတွင်း အစားအသောက်များ စားသောက်မှုမရှိစေရေးဆောင်ရွက်ရမည်ဖြစ်ကာ အခြားဘုရားကြီးပရိဝုဏ်တော်အတွင်း သန့် ရှင်းသာယာမှုများရှိစေရေးစနစ်တကျဆောင် ရွက်ရမည်ဖြစ်ပြီး ဘုရားကြီးသို့ ဝင်ထွက်သည့်လမ်းများ စနစ်တကျရှိစေရေးနှင့်ကားရပ်ရန်နေ ရာများ စနစ်တကျရှိစေရေးတို့ကိုဆောင်ရွက်ရမည်ဟုလည်း မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here