စက်တင်ဘာမှ စ၍ဖူးကက်လေဆိပ်၌ တက္ကစီအက်ပ် စတင်

0
200

ဖူးခက်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ခရီးသည်များအဆင်ပြေစေရန် မိုဘိုင်းအက်ပလီကေးရှင်းမှတစ်ဆင့် အများပြည်သူသုံးတက္ကစီဝန်ဆောင်မှုကို မိတ်ဆက်ခဲ့သည်။ သင့်လျော်သောနှုန်းထားများဖြစ်​စေရမည်ဟုဆိုသည်။

Phuket International Airport ၏ ဒါရိုက်တာ Monchai Tanod က လေဆိပ်သည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ မိုဘိုင်းအက်ပလီကေးရှင်းမှတစ်ဆင့်ခရီးသည်များ တက္ကစီခေါ်ယူနိုင်မည်ဟု ကြေညာခဲ့သည်။

ဤဆုံးဖြတ်ချက်သည် ထိုင်းဝန်ကြီးချုပ် ဆြီသာ၏ ဩဂုတ်လ ၂၅ ရက် ကလာ​ရောက်​သော ခရီး
စဥ်တွင်ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ကနဦးတွင် Grab၊ ASIA CAB၊ Hello Phuket နှင့် AIR ASIA အပါအဝင် တက္ကစီကုမ္ပဏီ လေးခုသည်အက်ပ်မှတစ်ဆင့် ခေါ်ယူရန် ၎င်းတို့၏လျှောက်လွှာများကို တင်သွင်းခဲ့သည်။

Source: Khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here