လဝကနှင့် UNFPA တို့ကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများတွင် ဆက်၍ ပူးပေါင်းဆောင်ရွက်သွားမည်

0
137

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့်ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(UNFPA) တို့ကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့်ဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်နှင့် UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan တို့ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan အား သြဂုတ် ၃၁ ရက်နံနက်ပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဥ် ပြီးခဲ့သည့်ဇူလိုင်လက ဝန်ကြီးဌာနနှင့် UNFPA ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးမှုအပေါ် ညှိနှိုင်းခဲ့သည့် လူဦးရေနှင့်ဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာများ၊လူဦးရေနေအိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးနှင့်ပတ်သက်၍ UNFPA ရုံးချုပ်၏ သဘောထားပြန်ကြားချက်အပေါ် ဝန်ကြီးဌာနအနေဖြင့် သုံးသပ်ဆောင်ရွက်မှုတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ် စားလှယ်အသစ်ခန့်အပ်နိုင်ရေးအတွက် အမည်စာ ရင်းပေးပို့ထားမှုအပေါ်ဝန်ကြီး ဌာန၏သဘောထားပြန်ကြားထားမှု၊ ဝန်ကြီးဌာနနှင့် UNFPA တို့ကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာတို့တွင် နှစ်ကာလရှည်ကြာစွာပူးပေါင်းဆောင်ရွက်ခဲ့သည့် အစဉ်အလာကောင်းများရှိခဲ့မှုနှင့်လက်ရှိအခြေအနေတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကိုလည်း ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here