လူသားချင်းစာနာထောက်ထားမှု အကူအညီလို အပ်သည့်ဒေသများသို့ JMC က ဆက်လက်ဆောင်ရွက်ပေးသွားမည်

0
219

လူသားချင်းစာနာထောက်ထားမှုအကူအညီများလိုအပ်နေသည့် ဒေသများသို့ ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)က ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှ ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောသည်။

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၅) ဖွဲ့တို့ သြဂုတ် (၂၉) ရက်မှ (၃၁) ရက်အထိ တွေ့ဆုံဆွေးနွေးပြီးနောက် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးနှင့်ပတ် သက်သည့် သတင်းစာရှင်း လင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)က UN အဖွဲ့အ စည်းနှင့် ပေါင်းစပ်၍ အမှန်တကယ် လိုအပ်မည့်ဒေသများသို့ သက်ဆိုင်ရာပြည်နယ် အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ အကူအညီများ ရရှိရေးဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ၌ ကရင်ပြည်နယ်တွင် သံတောင်ကြီးမြို့ နယ်၊လိပ်သို/ယာဒိုဒေသ၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသ၊ ရခိုင်ပြည်နယ်တွင် ရသေ့တောင်မြို့ နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် မြောက်ဦးမြို့နယ်၊ ရှမ်းပြည်နယ်တွင် ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ တောင်ကြီးမြို့နယ်နှင့် ဟိုပုံးမြို့နယ်များရှိ လူ သားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်သူများထံပေးပို့ခဲ့ပြီးဖြစ် ကြောင်း သိရသည်။

“နောက်ပိုင်းမှာလည်း အခုလိုအကူအညီတွေကို လိုအပ်တဲ့ဒေသတွေဆီ JMC က ဆက်လက်ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီး ဝဏ္ဏအောင်ကပြောသည်။

ထို့ပြင် နစက လက်ထက်တွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့၊ NCA လက်မှတ်မရေးထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် (၃)ဖွဲ့နှင့်နိုင်ငံရေးပါ တီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု ပြောသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ပါတီစုံဒီမိုကရေစီ နိုင်ငံရေးစနစ်ခိုင်မာစေရေးအတွက် ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်ရေး၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ လိုလားချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး၊ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းအကောင်အထည်ဖော်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်နိုင်ရေးအတွက် ပုဒ်မများမှ (၂၁) ချက်တို့ကို သဘောတူညီခဲ့ကြသည်ဟုလည်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here