လယ်မြေများကို ခွင့်ပြုချက်မရှိဘဲ အခြားနည်း သုံးစွဲနေမှုအား တားဆီးနိုင်မည့် နည်းလမ်းများကို ကော်မတီဖွဲ့စည်းပြီး လုပ်ဆောင်သွားမည်

0
196

လယ်မြေများကို ခွင့်ပြုချက်ရယူခြင်း မရှိဘဲ အခြားနည်း သုံးစွဲသောကြောင့် လယ်မြေများ တဖြည်းဖြည်း လျော့ကျလာသည်ကို တွေ့ရသောကြောင့် လယ်မြေများအား ခွင့်ပြုချက်မဲ့ အခြားနည်းသုံးစွဲနေမှုများအပေါ် ကော်မတီဖွဲ့တားဆီးသွားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုကပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေများကို အခြားနည်းသုံးစွဲထားမှုကို ဖြေရှင်းရမည့် နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေး လုပ်ဆောင်မည့်နည်းလမ်း များ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure -SOP) ရေးဆွဲပြုစုရေး တိုင်းဒေသကြီးလုပ်ငန်းကော်မတီ (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ် (၃၁)ရက် နံနက်က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် ဝန်ကြီးချုပ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“လယ်မြေများကို ခွင့်ပြုချက်ရယူမှုမရှိဘဲ အခြားနည်းသုံးစွဲသောကြောင့် လယ်မြေများ တဖြည်းဖြည်း လျော့ကျလာသည်ကို တွေ့ရကြောင်း၊ လယ်မြေများအား တားဆီးနိုင်မည့် နည်းလမ်းများကို ကော်မတီဖြင့် ဖွဲစည်းပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်”ဟု တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောသည်။

ဥယျာဉ်မြေနှင့် လယ်ယာမြေ (၂)မျိုးရှိပြီး အခြားနည်း သုံးစွဲနိုင်ရေးအတွက် လယ်ယာမြေ ဥပဒေသစ် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေနှင့် လယ်ယာမြေစီမံခန့်ခွဲမှု ဥပဒေများဖြင့် လုပ်ဆောင်ကြောင်း၊ လယ်ယာမြေများကို အခြားနည်း သုံးစွဲထားမှုများ၊ လယ်မြေများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအား အခြားနည်းသုံးစွဲခွင့် မရဘဲ သုံးစွဲထားသည့် မြေများအတွက် ဥပဒေနှင့်အညီ လုပ်ဆောင်မှုများရှိခဲ့ကြောင်းလည်း ဝန်ကြီးချုပ်က ဆိုသည်။

တိုင်းဒေသကြီး အစိုးရအဖွဲအနေဖြင့်လည်း ဒေသဖွံဖြိုးရေးလုပ်ငန်းများအတွက် ကြိုးစားလုပ်ဆောင်နေပြီး လယ်ယာမြေ အရေးကိစ္စနှင့် ပတ်သက်၍ ဂရုတစိုက် လုပ်ဆောင်ရန် လယ်မြေများ လျော့နည်းမသွားစေရေး ထိန်းသိမ်းရမည့် နည်းလမ်းများအား ဥပဒေရေးဆွဲ၍ ကာကွယ်ရမည့် နည်းလမ်းများကို အကြံဉာဏ်ပေးရန်နှင့် လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေးပေးရန် လိုအပ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here