စက်တင်ဘာ ပထမပတ်အတွင်း မြစ်ကြီးအချို့၏ မြစ်ရေများ လက်ရှိရေမှတ်များအထက် ဆက်လက်မြင့်တက်နိုင်

0
171

စက်တင်ဘာလ ပထမ (၁၀) ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေအပါအဝင် မြစ်ကြီးအချို့၏ မြစ်ရေများမှာ မြို့နယ်အချို့တွင် လက်ရှိရေမှတ်များအထက်သို့ ဆက်လက်မြင့်တက်နိုင်ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ စက်တင်ဘာ (၁) ရက်ကထုတ်ပြန်ခဲ့သည်။

မိုးဇလ၏ ထုတ်ပြန်ချက်အရ

ဧရာ၀တီမြစ်ရေ

မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့်သပိတ်ကျင်းမြို့တို့တွင် ပေဝက်မှ (၁) ပေခန့်၊ မန္တလေးမြို့၊စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိ ပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁)ပေမှ (၂) ပေခန့်အထိ လက်ရှိရေမှတ်များအထက်သို့ မြင့်တက်နိုင်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေ

မင်းကင်းမြို့၊ကနီမြို့နှင့်မုံရွာမြို့တို့တွင် (၁) ပေခန့်စီ လက်ရှိရေမှတ်များအထက် မြင့်တက်နိုင်ပြီး ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ဖောင်းပြင်မြို့၊ မော်လိုက်မြို့နှင့်ကလေးမြို့ တို့တွင် (၃)ပေမှ(၇)ပေခန့် လက် ရှိရေမှတ်များ အောက်ကျဆင်းနိုင်ကြောင်း သိရသည်။

မြစ်သာမြစ်ရေ

ကလေးမြို့တွင် (၁) ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် (၁) ပေမှ (၂) ပေခန့်မြင့်တက်နိုင်သည်။

ပဲခူးမြစ်ရေ

ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ပေဝက်မှ (၁) ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၁)ပေခန့်စီ လက်ရှိရေမှတ်များထက်မြင့်တက်နိုင်ကြောင်း သိရသည်။

သောင်ရင်းမြစ်ရေ

မြဝတီမြို့တွင် (၁)ပေခန့်မြင့်တက်နိုက်သည်။

ငဝန်မြစ်ရေ

ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ပေဝက်ခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁) ပေခန့်မြင့်တက်နိုက်သည်။

လေးမြို့မြစ်ရေ

မြောက်ဦးမြို့တွင် (၁) ပေခန့်နှင့်မြင့်တက်နိုင်သည်။

ဘီးလင်းမြစ်ရေ

ဘီးလင်းမြို့တွင် (၁)ပေခန့် လက်ရှိရေမှတ်များထက်သို့ အသီးသီးမြင့်တက်နိုင်ကြောင်းလည်း သိရသည်။

စစ်တောင်းမြစ်ရေ

တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ပေဝက်မှ (၁) ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ပေဝက်ခန့်လက်ရှိရေမှတ်များအောက်သို့ ပြန်လည်ကျဆ င်းလာနိုင်သည်။

ကုလားတန်မြစ်ရေ

ပလက်ဝမြို့တွင် (၅) ပေခန့်နှင့်ကျောက်တော်မြို့တွင် (၁) ပေခန့်စီ လက်ရှိရေမှတ်များအောက်သို့ ပြန်လည်ကျဆင်းလာနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here