ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အထူးကုလူနာဌာနတွင် ပြသမည့်သူများ ဘိုကင်တင်ရန်လမ်းညွှန်များ

0
379

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အထူးကုလူနာဌာနတွင် ပြသမည့်သူများအတွက် ဘိုကင်တင်ရန်လမ်းညွှန်ချက်များအား အသိပေးထုတ်ပြန်ထားသည်။

ဘိုကင်တင်လိုသူများအနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဖုန်းနံပတ်၏ Viber (သို့)ဆေးရုံကြီး လူမှုကွန်ယက်စာမျက်နှာ၏ messenger search box တွင် caremebot ဟုရိုက်ထည့်ရမည်ဖြစ်သည်။

ထို့နောက် စက်ရုပ်လေးကိုရွေးချယ်၍ Hi လုပ် (သို့) Get Started ရိုက်ကာ အစိုးရဆေးရုံ/ public hospital ကိုရွေးရာတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုရွေးချယ်ပြီး ပြသမည့်ဌာနနှင့်နေ့/ရက်/အချိန်တို့ကို ရွေးချယ်ရမည်ဖြစ်သည်။

ထို့ပြင် ပြသမည့်လူနာ၏ ကိုယ်ရေးအချက်အ လက်များကိုလည်း ဖြည့်သွင်းရမည်ဖြစ်ပြီး လူနာ၏ဆေးမှတ်တမ်း(သို့)လွှဲစာအား ဓာတ်ပုံရိုက်၍ သတ်မှတ်ချိန်အတွင်း တင်သွင်းရမည်ဖြစ်သည်။

ထို့နောက် ဆေးရုံမှဘိုကင်အတည်ပြုခြင်းကိုစောင့်ဆိုင်းရမည်ဖြစ်ပြီး အတည်ပြုပြီးပါက ဘိုကင်နံပတ်၊ပြသရမည့်ဌာန၊နေ့/ရက်/အချိန်တို့ကို ဆေးရုံမှပြန်လည်ပေးပို့သွားမည်ဖြစ်ကာ မှားယွင်းနေပါက ဘိုကင်အသစ်ပြန်တင်ပေးရမည်ဖြစ်သည်။

လူနာအသစ်ဖြစ်ပါက လွှဲစာနှင့်လူနာအဟောင်းဖြစ်ပါက ဆေးမှတ်တမ်းဟောင်းတင်ပြနိုင်မှသာ ဘိုကင်အတည်ပြုပေးမည်ဖြစ်ပြီး ဘိုကင်နံပတ်နှင့်အတည်ပြုချက်ကို အစိုးရရုံးပိတ်ရက်များမပါ ရုံးချိန်အတွင်း ပြန်လည်ပေးပို့သွားမည်ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here