ချန်ပီယံလိဂ် အုပ်စု မဲခွဲပွဲအပြီး Group (F) မရဏအုပ်စုအဖြစ်သတ်မှတ်ခံရ

0
295

၂၀၂၃-၂၄ ဘောလုံးရာသီ ချန်ပီယံလိဂ်အုပ်စုမဲခွဲပွဲ ယမန်နေ့ ဩဂုတ်လ ၃၁ ရက်ညကပြုလုပ်ခဲ့ပြီး Group (F) သည် မရဏအုပ်စုအဖြစ်သတ်မှတ်ခံခဲ့ရသည်။

Group (F) တွင် ဥရောပနာမည်ကြီးအသင်းများဖြစ်သည့် PSG၊ အေစီမီလန်၊ ဒေါ့မွန်နှင့် နှစ်များစွာကြာမှသာ ချန်ပီယံလိဂ်သို့ ပြန်လည်၀င်ရောက်ခွင့် ရထားသည့် နယူးကာဆယ်တို့ တွေ့ဆုံနေသည်။

လက်ရှိချန်ပီယံ မန်စီးတီးနှင့် အာဆင်နယ်တို့မှာ အုပ်စုချောင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်မှုမူ အုပ်စုတွင်း ဂျာမန်အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်နှင့် ကျနေသည့်အတွက် အနည်းငယ်အခက်တွေ့မည်ဖြစ်သည်။

နယူးကာဆယ်ဟာ ချန်ပီယံလိဂ်ရဲ့ မရဏအုပ်စုမှာ အိမ်ဖြည့်အသင်းလုပ်နေမှာ မဟုတ်ပါဘူး၊ ချန်ပီယံလိဂ်မှာ တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ပွဲစဉ် (၆) ပွဲကို ကစားရမှာဖြစ်ပြီး ရှိသမျှ အကုန်ပေးဆပ်သွားမှာပါ” ဟု နယူးကာဆယ်အသင်း၏ အမှုဆောင်အရာရှိချုပ် ဒါရင်းအေလ်စ်က ပြောသည်။

ချန်ပီယံအုပ်စုအဆင့် မဲခွဲရလဒ်မှာ အောက်ပါအတိုင်းဖြစ်သည်။

Group (A)
ဘိုင်ယန်မြူးနစ်
မန်ယူနိုက်တက်
ကိုပင်ဟေဂင်
ဂါလာတာစာရေး

Group(B)
ဆီဗီးလာ
အာဆင်နယ်
PSV
လန်းစ်

Group(C)
နာပိုလီ
ရီးယဲလ်မက်ဒရစ်
ဘရာဂါ
ယူနီယံဘာလင်

Group(D)
ဘင်ဖီကာ
အင်တာမီလန်
ဆဲလ်ဘတ်
ဆိုစီဒက်

Group(E)
ဖီယင်နု
အက်သလက်တီကို
လာဇီယို
ဆဲလ်တစ်

Group(F)
PSG
ဒေါ့မွန်
အေစီမီလန်
နယူးကာဆယ်

Group(G)
မန်ချက်စတာစီးတီး
လိုက်ပ်ဇစ်
ရက်စတားဘဲလ်ဂရိတ်
ယန်းဘွိုင်းစ်

Group(H)
ဘာစီလိုနာ
ပေါ်တို
ရှက်တာဒိုးနက်
ရွိုင်ရယ်အန်တွိုက်

Photo -BRF


LEAVE A REPLY

Please enter your comment!
Please enter your name here