ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ၆ ဘီးကား တာယာပွင့်ထွက်ပြီး လမ်းဘေးသစ်ပင်ကိုဝင်တိုက် ကားမောင်းသူဒဏ်ရာရ

0
211

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ၁၁၅ မိုင်အမြန်လမ်းမီးသတ်စခန်းအပိုင်မိုင်တိုင်အမှတ် ၁၁၈/၁ အနီးတွင် စက်တင်ဘာ ၁ ရက် (ယနေ့)နံနက် ၇ နာရီခွဲခန့်က ကားမောင်းသူအပါအဝင် အမျိုးသား ၂ ဦးလိုက်ပါလာသည့် MITSUBISHI FUSO ၆ ဘီးကားသည် ညာဘက်ဘီးတာယာပွင့်ထွက်ပြီး လမ်းဘေးမြေသား လမ်းပေါ်ရှိ သစ်ပင်အားဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား ၁၁၅ မိုင်အမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ ၁၁၅ မိုင်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သည့် ကားမောင်းသူအား ၁၁၅ မိုင်ကြက်ခြေနီအသင်းမှ ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here