မန္တလေးတိုင်းကျန်းမာရေးဆေးရုံ၌ လက်လုပ်ဗုံးများပေါက်ကွဲ ဝန်ထမ်းအမျိုးသမီး ၅ ဦးဒဏ်ရာရ

0
343

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်၊လမ်း ၇၀၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ မန္တလေးတိုင်းကျန်းမာရေးဆေးရုံ၌ သြဂုတ် ၃၁ ရက်နေ့လည်ပိုင်းက လက်လုပ်ဗုံး ၂ လုံးပေါက်ကွဲခဲ့ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ယမန်နေ့နေ့လည် ၁ နာရီခွဲခန့်က ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိအမျိုးသား ၂ ဦးသည် မန္တလေးတိုင်းကျန်းမာရေးဆေးရုံအတွင်းသို့ဝင်ရောက်လာကာ လက်လုပ်ဗုံး ၂ လုံးဖြင့်ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်းသိရသည်။

လက်လုပ်ဗုံး ၂ လုံးသည် မန္တလေးတိုင်းကျန်းမာရေးဆေးရုံဝင်းအတွင်းကျရောက်ပေါက်ကွဲခဲ့သဖြင့် ရုံးဝန်ထမ်းအမျိုးသမီး ၅ ဦးတွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်၍ ပြစ်မှုကျူးလွန်သူ ၂ ဦးအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here