သံလွင်တံတားအတက်တွင် စက်ဘီးနင်းလာသည့် အမျိုးသမီးအား တွဲကားဖြင့် တတ်ကြိတ်မိ၍ သေဆုံး

0
377

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ သံလွင်တံတားအတက်တွင် သြဂုတ် (၃၁) ရက် ညပိုင်းက စက်ဘီးနင်းလာသည့် အမျိုးသမီးတစ်ဦးအား တွဲကားမှတတ်ကြိတ်မိခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ယမန်နေ့ည (၆) နာရီခွဲခန့်က သံလွင်တံတားအတက်အတိုင်း စစ်ဘီးနင်းလာသည့် အမျိုးသမီးသည် လမ်းအုတ်ခုံဖြင့်တိုက်မိ၍ လဲကျသွားစဥ် ၎င်းအားကျော်တက်သည့် တွဲကားမှ တတ်ကြိတ်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တံတားအတက်မှာ နောက်တွဲကားက ကျော်တက်လို့ညာဘက်ခြမ်းကို ကပ်လိုက်တဲ့အချိန် လမ်းအုတ်ခုံနဲ့ စက်ဘီးတိုက်မိပြီး လဲကျသွားတာ။ အဲဒီမှာ မောင်းလာတဲ့ တွဲကားရဲ့ နောက်တွဲညာဘက်ခြမ်းဘီးနဲ့ တတ်ကြိတ်မိသွားတာ။ ဦးခေါင်းကြေမွဒဏ်ရာနဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားပါတယ်။ သေဆုံးတဲ့ အမျိုးသမီးက မုတ္တမမှာနေတာလို့သိရတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြော သည်။

ဖြစ်စဥ်မှ သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းအား ရာမညအရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့မှ မော်လမြိုင်ဆေးရုံကြီး ရေခဲတိုက်သို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here