ရန်ကုန် – မော်လမြိုင် ကားလမ်းပေါ်တွင် (၁၂)ဘီးယာဉ်မှ ရပ်ထားသော ယာဉ်အား ဝင်ရောက်တိုက်မိမှု ဖြစ်ပွား

0
241

ရန်ကုန် – မော်လမြိုင် ကားလမ်းပေါ်တွင် (၁၂)ဘီး ယာဉ်တစ်စီးမှ အရှေ့တွင် ရပ်ထားသော ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိရာမှ (၁၂) ဘီး ယာဉ်မောင်းဖြစ်သူ ကားဦးခေါင်းအတွင်း ညပ်မိမှုဖြစ်ပွားခဲ့ကြောင်း ဘုရားကြီးမြို့ အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ(၁)ရက် နံနက် (၆) နာရီ အချိန်တွင် ရန်ကုန် မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် (၆၂/၂) နှင့် (၆၂/၃)အကြား မော်လမြိုင်မြို့ဘက်မှ ယာဉ်မောင်း တင်မောင်ဦး အသက်(၄၃)နှစ် မောင်းနှင်လာသော (၁၂) ဘီးတပ် ယာဉ်မှ ရပ်ထားသော ယာဉ် (စုံစမ်းဆဲ)အား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဝင်ရောက်တိုက်မိသောကြောင့် ယာဉ်မောင်းဖြစ်သူ တင်မောင်ဦးမှာ ကားဦးခေါင်းအတွင်း ညပ်နေပြီး ညာခြေသလုံးရိုးကျိုး၊ ဝဲဘက်ပေါင်ရိုးကျိူးနှင့် ဝဲပုခုံးထိခိုက်ဒဏ်ရာများရရှိသွားခဲ့ရာ ပဲခူးမြို့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here