မန္တလေးတိုင်းနှင့်ပြည်နယ် ၄ ခုမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများအား ပြောင်းလဲခန့်အပ်တာဝန်ပေး

0
529

နစက မှ မန္တလေးတိုင်း၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများအား ပြောင်းလဲခန့်အပ်တာဝန်ပေးခဲ့သည်ဟု စက်တင်ဘာ ၁ ရက်(ယနေ့)တွင် အမိန့်အမှတ် ၇၉/၂၀၂၃ ဖြင့်ထုတ်ပြန်ခဲ့သည်။

နစက မှဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ မန္တလေးတိုင်း၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးကျော်ကျော်မင်းအစား ဗိုလ်မှူးကြီးနေလင်းစိုးကို ပြောင်းလဲခန့်အပ်တာဝန်ပေးခဲ့သည်။

ထို့ပြင် ကချင်ပြည်နယ်၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းအစား ဗိုလ်မှူးကြီးကျော်သူရ၊ ကယားပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေအစား ဗိုလ်မှူးကြီးသန်းစိုးအောင်တို့အား ပြောင်းလဲခန့်အပ်တာဝန်ပေးခဲ့သည်။

ထို့အတူ ကရင်ပြည်နယ်၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်အစား ဗိုလ်မှူးကြီးမင်းသူကျော်၊ ချင်းပြည်နယ်၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်အစား ဗိုလ်မှူးကြီးသိန်းထွန်းအောင်တို့ကိုလည်း ပြောင်းလဲခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here