ရေစကြိုမြို့နယ်တွင် ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အပါအဝင် အင်ဂျင်နီယာ (၅) ဦး ပစ်ခတ်ခံရ၍ သေဆုံး

0
383

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ရေစကြို – ပခုက္ကူသွားကားလမ်းတွင် သြဂုတ် (၃၁) ရက် ညနေပိုင်းက ဆောက် လုပ်ရေးကုမ္ပဏီ ပိုင်ရှင်အပါအဝင် အင်ဂျင်နီယာ (၅) ဦးပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

ယမန်နေ့ ညနေ (၅) နာရီခွဲကျော်ခန့်က အမည်မသိအမျိုး သားများသည် ရေစကြိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အ. မ. က (လက်ပံကိုင်း) ကျောင်း၌ ကျောင်းဆောင်ဆောက်လု ပ်ပြီးစီးမှုအား လာရောက်ကြည့်ရှုကာ ရေစကြို – ပခုက္ကူသွား ကားလမ်းအတိုင်း ပခုက္ကူမြို့သို့ပြန်လာသည့် ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အပါအဝင် အင်ဂျင်နီယာ (၅)ဦး စီးနင်းလာသည့် ကားမှာ အခင်းဖြစ်နေရာတွင် သေနတ်များဖြင့် ပစ်ခတ်ခဲ့ရခြင်း ဖြစ်သည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဆောက်လုပ်ရေး ကုမ္ပဏီပိုင် ရှင်အပါအဝင် အင်ဂျင်နီယာ (၅) ဦးမှာ ကျည်ထိမှန်ဒဏ် ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြကြောင်း သိရသည်။

“သေဆုံးသူ ၅ ယောက်မှာ ကုမ္ပဏီပိုင်ရှင် အမျိုးသမီးရ ယ်၊ နောက်ထပ်အမျိုးသမီး (၁) ယောက်ရယ်၊ အမျိုးသ မီး (၂) ယောက်ပေါ့။ အမျိုးသားကတော့ (၃) ယောက်ပါ။ ကျောင်းဆောင်ဆောက်လုပ်ဖို့ ကန်ထ ရိုက်ရထားတဲ့ ကုမ္ပ ဏီပေါ့။ အဲဒီမှာ လက်ရှိဆောက်နေတဲ့ ကျောင်းဆောင်အ ခြေအနေကို သွားကြည့်ပြီး ပြန်လာတဲ့ အချိန်မှာပစ်ခတ်ခံရတာပါ”ဟု ဒေ သခံတစ်ဦးက ပြောသည်။

ဖြစ်စဥ်အားလုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေး ကာရုပ်အလောင်းများအား ရေစကြိုမြို့နယ်ပြည်သူ့ဆေး ရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူများအားဥပ ဒေအရ ထိရောက်စွာအရေးယူနိုင်ရန် စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here