မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် အမျိုးသားတစ်ဦးအား ကားတစ်စီးမှတိုက်ပြေးသွား

0
142

ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊အထက်ပုဇွန်တောင်လမ်းနှင့်ပုသိမ်ညွှန့်(၅)လမ်းထိပ်တွင် စက်တင်ဘာ ၁ ရက်ည ၉ နာရီခွဲခန့်က အမျိုးသားတစ်ဦးအား ကားတစ်စီးမှတိုက်ပြေးသွားခဲ့ကြောင်း ပုသိမ်ညွှန့်လူမှုကူညီရေးပရဟိတအ သင်းမှ သိရသည်။

“ကားကဝင်တိုက်ပြီးမောင်းပြေးသွားတာ ဘယ်ကားလဲဆိုတာမသိလိုက်ဘူး အတိုက်ခံရတဲ့လူက သက်လတ်ပိုင်းအရွယ်လောက်ပဲ ထိခိုက်ဒဏ်ရာရထားတာက စိုးရိမ်ရတဲ့အနေအထားဖြစ်နေတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသားအား ပုသိမ်ညွှန့်လူမှုကူညီရေးပရဟိတအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ပုသိမ်ညွှန့်လူမှုကူညီရေး


LEAVE A REPLY

Please enter your comment!
Please enter your name here