ခရိုင်းမီးယားတံတားကို တိုက်ခိုက်ရန် ဦးတည်လာသည့် ယူကရိန်း ရေပြင်သွားဒရုန်းကို ဖျက်ဆီးခဲ့ဟု ရုရှားစစ်တပ်ပြော

0
142

ခရိုင်းမီးယားတံတားကို တိုက်ခိုက်ရန် ကြိုးပမ်းမှုအတွင်း ယူကရိန်းမှ ပစ်လွှတ်ခဲ့သော ရေပြင်သွားဒရုန်းကို ရုရှားတပ်များက ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထောက်များအား ပြောကြားခဲ့သည်။

“စက်တင်ဘာ ၁ ရက်နေ့ မော်စကိုစံတော်ချိန် ည ၁၁ နာရီ ၁၅ မိနစ်မှာ ယူကရိန်းအစိုးရဟာ ခရိုင်းမီးယားတံတားကို ရေပြင်ပေါ်သွား ဒရုန်းတစ်စင်းနဲ့ အကြမ်းဖက်တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီ ယူကရိန်း ရေပြင်သွားဒရုန်းကို ပင်လယ်နက်ရေပြင်မှာ အချိန်မီတွေ့ရှိပြီး ဖျက်ဆီးနိုင်ခဲ့ပါတယ်” ဝန်ကြီးဌာနက ပြောသည်။

ပင်လယ်နက်ရေတပ်သည် ကင်းထောက်အမျိုးအစားအားလုံးကို အသုံးပြု၍ ပင်လယ်နက်အတွင်း အခြေအနေကို အမြဲတမ်းထိန်းချုပ်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောကြားခဲ့သည်။ ခရိုင်းမီးယားကမ်းရိုးတန်းသို့ ဆင်းသက်ပြီး အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ယူကရိန်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၏ ကြိုးပမ်းမှုကို သြဂုတ် ၂၉ ရက်မှ ၃၀ ရက်အထိ မိမိတို့ ရေတပ်လေတပ်အင်အားဖြင့် တားဆီးနိုင်ခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here