ပြင်ဦးလွင်မြို့တွင် အမျိုးသမီးတစ်ဦး ဦးခေါင်း၌ ဒဏ်ရာရရှိကာလဲကျနေ

0
162

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့၊ရပ်ကွက်(၁၂)၊ရေချမ်းအိုး(တောင်)တွင် စက်တင်ဘာ ၁ ရက်ညပိုင်းက ဦးခေါင်းဒဏ်ရာဖြင့်လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦးလဲကျနေခဲ့ကြောင်း သန္တိသု ခ အခမဲ့လူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့ည ၇ နာရီခန့်က ပြင်ဦးလွင်မြို့၊ရပ်ကွက် (၁၂)၊‌ရေချမ်းအိုး(တောင်)၊ဧရာဝတီလမ်းတွင် ဦးခေါင်း၌ဒဏ်ရာရရှိထားသော အမျိုးသမီးတစ်ဦးသည် လမ်းလျှောက်လာစဥ်လဲကျသွားခဲ့သဖြင့် သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီပေးခဲ့ကြသည်။

“ဧရာဝတီလမ်းက စာသင်ကျောင်းနားမှာ လမ်း လျှောက်လာတုန်း လဲကျသွားတာလို့သိရတယ် ခေါင်းညာဘက်ခြမ်းမှာလည်း ဒဏ်ရာရထားတယ် လက်ရှိအချိန်ထိကတော့ သူ့မိသားစုဝင်တွေနဲ့အဆက်အသွယ်မရသေးဘူး ဒဏ်ရာကဘယ်လိုကြောင့်ရတယ်ဆိုတာမသိရသေးပါဘူး လူနာအခြေအနေက မန္တလေးပြည်သူ့ဆေးရုံကြီးကိုလွှဲရမယ့် အခြေအနေမှာရှိတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိထားသည့် အမျိုးသမီးအား သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-သန္တိသုခအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here