အင်္ကျီတွင်အလှတပ်ထားသည့်ဖဲပြားကြိုးသည် ကော်စေ့ထုတ်စက်ထဲဝင်သွားရာမှ မိန်းခ​လေးတစ်ဦးသေဆုံးခဲ့မှု ဒဂုံတောင်ပိုင်းတွင်ဖြစ်ပွားခဲ့

0
324

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၆၄ ရပ်ကွက်ရှိ စက်ရုံတစ်ရုံတွင် စက်တင်ဘာ ၁ ရက်နံနက်ပိုင်းက စက်ရုံလုပ်သား မိန်းခ​လေးတစ်ဦး၏အင်္ကျီတွင်အလှတပ်ထားသည့်ဖဲပြားကြိုးသည် ကော်စေ့ထုတ်သောစက်ထဲသို့ဝင်သွားသဖြင့် အဆိုပါ မိန်းခ​လေး သေဆုံးသွားခဲ့ကြောင်း ရှင်သန်ခွင့်လူမှုကူညီရေးအသင်းမှ သိရသည်။

အသက်(၁၈)နှစ်အရွယ်ရှိစက်ရုံလုပ်သား အမျိုးသမီးသည် အလုပ်လုပ်ကိုင်နေစဥ် ၎င်းဝတ်ဆင်ထားသည့်အကျီ၌ အလှတပ်ဆင်ထားသည့် ဖဲပြားကြိုးမှာကော်စေ့ထုတ်သောစက်အတွင်းသို့ဝင်သွားခဲ့ကြောင်း သိရသည်။

“ဖဲပြားကြိုးစက်ထဲပါသွားပြီး လူကပါစက်ထဲပါသွားတယ်၊ ခေါင်းတစ်ခြမ်းထိခိုက်သွားတာပေါ့၊ အဲဒီဒဏ်ရာနဲ့အခင်းဖြစ်နေရာမှာပဲသေဆုံးသွားတာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှသေဆုံးသူ၏ရုပ်အလောင်းအား ရှင်သန်ခွင့်လူမှုကူညီရေးအသင်းက ကော်စေ့ထုတ်စက်မှဖြုတ်ယူကာ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ရှင်သန်ခွင့်အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here