မြန်မာသံတမန်များနှင့်အလုပ်သမားသံအရာရှိများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်းစဥ်များ အသိ​ပေး

0
249

မြန်မာသံတမန်များနှင့်အလုပ်သမားသံအရာရှိများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးသင်တန်းကို သြဂုတ် ၃၁ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် Hybrid Format ဖြင့်ကျင်းပခဲ့သည်။ 

သင်တန်းအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာဥပဒေများ၊လုပ်ထုံးလုပ်နည်းများ၊လုပ်ငန်းစဉ်များနှင့်လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးနှင့်ပြန်လည်ခေါ်ဆောင်ရေးဆိုင်ရာလုပ်ငန်းစဉ်များကို မြန်မာသံတမန်များနှင့်အလုပ်သမားသံအရာရှိများသိရှိနားလည်စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီးအောင်သက်နိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန၊ဥပဒေရေးရာအကြံဉာဏ်ပေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဆန်းလင်းနှင့်လူမှုဝန်ထမ်း၊ကယ် ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်သင်းသင်းခိုင်တို့က ဆွေးနွေးပို့ချခဲ့ကြသည်။

သင်တန်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ မြန်မာသံရုံး၊အဖွဲ့ရုံးနှင့်ကောင်စစ်ဝန်ချုပ်ရုံးများသို့ သွား ရောက်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ၊လူကုန်ကူးမှုအဖြစ်များသည့် နိုင်ငံများရှိ မြန်မာသံရုံးများနှင့်ကောင်စစ်ဝန်ချုပ်ရုံးများမှ ဝန်ထမ်းများနှင့်အလုပ်သမားသံအရာရှိများတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here