အမြန်လမ်းမကြီး၏လမ်းကွေ့တွင် အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ သစ်ပင်များကိုဝင်တိုက် ကားမောင်းသူသေဆုံး ၂ ဦးဒဏ်ရာရ

0
167

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ၁၁၅ မိုင်အမြန်လမ်းမီးသတ်စခန်းအပိုင်တွင် စက်တင်ဘာ ၂ ရက်(ယနေ့)နံနက်ပိုင်းက အိမ်စီးကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ သစ်ပင်များကိုဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၈ နာရီခွဲခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ၁၁၅ မိုင်အမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၁၁၃/၄ နှင့် ၁၁၃/၅ ကြားလမ်းအကွေ့တွင် TOYOTA CROWN ကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ခရေပင်နှင့်ထန်းပင်တို့အားဝင်ရောက်တိုက်မိခဲ့သည်။

ထို့ကြောင့် ၁၁၅ မိုင်အမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ ၁၁၅ မိုင်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ ၁၁၅ မိုင်ကြက်ခြေနီအသင်းတို့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်ကြောင့် အိမ်စီးကားမောင်းနှင်သူမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး လိုက်ပါလာသည့် အမျိုးသား ၂ ဦးတွင်လည်း ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ၁၁၅ မိုင်ကြက်ခြေနီအသင်းမှ ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here