မင်္ဂလာဒုံမြို့နယ်ကားမှတ်တိုင်တစ်ခုတွင် စွန့်ပစ်ခံ အဘိုးအိုတစ်ဦးသေဆုံး

0
304

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်၊ခရေပင်လမ်းမကြီးပေါ်ရှိ ကားမှတ်တိုင်တစ်ခုတွင် စက်တင်ဘာ ၂ ရက်(ယနေ့)နံနက် ၇ နာရီခန့်က စွန့်ပစ်ခံထားရသည့် အဘိုးအိုတစ်ဦးသေဆုံးခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

“ကျွန်တော်တို့မှာက လမ်းဘေးစွန့်ပစ်နဲ့ ပိုင်ရှင်မဲ့တွေဆိုရင် ဆေးရုံပို့တဲ့အခါမှာ အခက်အခဲတွေရှိပါတယ်၊ ကုလို့ပြီးသွားရင်လည်း သက်ဆိုင်ရာဘိုးဘွားရိပ်သာတွေကို ပို့ရတာမျိုးတွေ နောက်ဆက်တွဲအများကြီးရှိပါတယ်၊ ဒီအဖိုးကို ဒီမနက်မှာကယ်ဖို့ဆုံးဖြတ်ပြီးသွားတဲ့အခါမှာတော့ ဆုံးသွားခဲ့ပါတယ်၊ သိရသလောက်ကတော့ အဖိုးရဲ့ နောက်ဆုံးအခြေအနေမှာ စွန့်ပစ်သွားတဲ့အခြေအနေပါ” ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်ကပြောသည်။

မကယ်ဆယ်ပေးလိုက်နိုင်သည့်အတွက် စိတ်မကောင်းကြောင်းနှင့် သေဆုံးအဖိုးအို၏ရုပ်အလောင်းအား မေဓါဝီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းကိုလည်း ကိုထင်လင်းအောင်ကပြောသည်။

မင်္ဂလာဒုံမြို့နယ်တွင် သက်ကြီးရွယ်အိုများနှင့် စိတ်ကျန်းမာရေးမကောင်းသည့်သူများကို စွန့်ပစ်လေ့ရှိကြောင်း သိရသည်။

ဓာတ်ပုံ – ပုလဲအရန်မီးသတ်တပ်ဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here