ဘုရင့်နောင်ကုန်စည်ဒိုင်ပွဲရုံဝင်းအတွင်း၌ စားသုံးဆီတစ်ပိဿာ ၄၃၀၀ ကျပ်ဖြင့်ရောင်းချ လာရောက်တန်းစီဝယ်ယူသူများပြား

0
348

ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်ပွဲရုံဝင်းအတွင်း၌ စားသုံးဆီတစ်ပိသာလျင် ၄၃၀၀ ကျပ်ဖြင့် စက်တင်ဘာ ၂ ရက်နံနက် ၁၀ နာရီမှစတင်ရောင်းချပေးလျက်ရှိရာ လာရောက်တန်းစီဝယ်ယူသူ များပြားလျက်ရှိကြောင်း သိရသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်ပွဲရုံဝင်းအတွင်းရှိ “OK” ဆီနှင့်ဆန်ရောင်းဝယ်ရေး၊ “ဇောတိက”ဆီနှင့်ဆန်ရောင်းဝယ်ရေး၊ “ထက်အာကာ”ဆီနှင့်ကုန်မျိုးစုံရောင်းဝယ်ရေး၊ “ဟင်္သာညီနောင်”ဆီရောင်းဝယ်ရေး၊ “ဇွဲပြည့်အောင်”ဆီဆိုင်၊ “မသက်သက်ထွန်း” ဆီဆိုင်တို့တွင် တန်းစီစနစ်ဖြင့်ရောင်းချပေးလျက်ရှိသည်။

ပြည်တွင်းစားသုံးဆီဈေးနှုန်းတည်ငြိမ်ကျဆင်းစေရန်၊စားသုံးဆီများကိုဈေးကွက်အတွင်းပြန့်ပြန့်နှံနှံရောက်ရှိစေရန်နှင့်စားသုံးသူများသက်သာသောဈေးဖြင့်ဝယ်ယူရရှိနိုင်ရန် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှစီစဉ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ စီစဥ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းနှင့်ပြည်နယ်များရှိ စားသုံးဆီလက်လီ၊လက်ကားကုန်သည်များ၊ဆီအရောင်းဆိုင်များအနေဖြင့်လည်း ဈေးကွက်အတွင်းသို့တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

Photo-Ko Aung Myint


LEAVE A REPLY

Please enter your comment!
Please enter your name here