ကိုရီးယားရှိ ဆောက်လုပ်ရေး ကုမ္ပဏီက မြန်မာလုပ်သား တစ်ဦး မြေတင်ကား တိုက်မိ သေဆုံးမှု လုပ်ငန်းခွင် ထိခိုက်မှု အမှုမှန်ပေါ်ပေါက်ရေး အစွမ်းကုန် လုပ်ဆောင်မည်

0
250

ကိုရီးယားနိုင်ငံရှိ ဆောက်လုပ်ရေး ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား တစ်ဦး မြေတင်ကား တိုက်မိ သေဆုံးခဲ့ခြင်းကို လုပ်ငန်းခွင် ထိခိုက်မှု အမှုမှန် ပေါ်ပေါက်ရေး အစွမ်းကုန် လုပ်ဆောင်မည်ဟု ကိုရီးယားရောက် မြန်မာအလုပ်သမားများကို အကူညီပေးနေသည့် အဖွဲ့များထံမှ သိရသည်။

ဖြစ်စဉ်မှာ ကိုရီးယားနိုင်ငံ ဂယောင်နမ်ပြည်နယ် ဟာ့ချောင်ဂွန်ရှိ ယောင်အန် ဆောက်လုပ်ရေး ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေသည့် အသက် (၂၇) နှစ် အရွယ်ရှိ မောင်ပြည့်သိန်းမှာ သြဂုတ် (၇) ရက် နံနက် (၇) နာရီခွဲ အချိန်ခန့်က ယာဉ်အဝင်အထွက် လမ်းပြလုပ်နေစဉ် မြေတင်ကားက တိုက်မိခဲ့ရာ သေဆုံးခဲ့ရခြင်းဖြစ်သည်။

“ကုမ္ပဏီဘက် ရှေ့နေများက မောင်ပြည့်သိန်း ကွယ်လွန်တာ လုပ်ငန်းခွင် သေဆုံးမှု မဟုတ်ကြောင်းယာဉ်တိုက် သေဆုံးခြင်းသာ ဖြစ်ကြောင်း ပြောလာပါတယ်။ မောင်ပြည့်သိန်းရဲ့ လုပ်ငန်းခွင် ထိခိုက်မှု အမှုမှန် ပေါ်ပေါက်ရေး အစွမ်းကုန်ကြိုးစားနေကြပါတယ်။ ရှေ့လျှောက် နိုင်ငံခြားသား လုပ်သားများ လုံခြုံစွာ အလုပ်လုပ်ကိုင်နိုင်ရေးအတွက် ကြိုးစား လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ရှေ့နေများအဖွဲ့က ပြောပါတယ်။”ဟု ကိုရီးယားရောက် မြန်မာအလုပ်သမားများကို အကူညီပေးနေသည့် ကိုဇော်မိုးအောင် (ကိုရီးယား)က ပြောသည်။

သေဆုံးသူ မောင်ပြည့်သိန်းမှာ ရန်ကုန်တိုင်းမြောက်ဥက္ကလာပမြို့နယ်မှ ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသူဖြစ်ကာ နာရေးကို မောင်ပြည့်သိန်း ကိစ္စအဝဝကို တာဝန်ယူထားပြီး ကိုယ်စားလှယ်လွှဲစာ အပ်ပေးထားသည့် မိဒွန်း ရှေ့နေအဖွဲ့၊ ဂယောင်နမ်နိုင်ငံခြားသား ကူညီရေးစင်တာ၊ နိုင်ငံလုံးဆိုင်ရာ ဒီမိုကရေစီ အလုပ်သမားသမဂ္ဂ၊ ကိုရီးယားမြန်မာ ပူးတွဲလုပ်ဆောင်ရေးအဖွဲ့၊ ဂယောင်နမ်းမြန်မာအသင်းနှင့် နိုင်ငံခြားသား ကူညီရေးအဖွဲ့တို့က လုပ်ကိုင်ပေးသွားရန် စီစဉ်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here