ရုရှားတို့၏ အရှေ့ဖက်ဗျူဟာတပ်ဖွဲ့က ယူကရိန်းဒရုန်းထိန်းချုပ်ရေးစင်တာကို တိုက်ခိုက်

0
244

Donetsk ပြည်သူ့သမ္မတနိုင်ငံတောင်ဘက်ရှိ ယူကရိန်းဒရုန်းထိန်းချုပ်ရေးစင်တာကို ရုရှားတို့၏ အရှေ့ဖက်ဗျူဟာတပ်ဖွဲ့၏ အမြောက်တပ်က တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန နည်းဗျူဟာအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Oleg Chekhov ကပြောသည်။

“မိမိတို့၏ဒုံးပျံနှင့် အမြောက်များသည် Vremevka အနောက်ဘက်ခြမ်းရှိ ယူကရိန်းပိုင်နက်ကာကွယ်ရေးတပ်ဖွဲ့များ၏ ကွပ်ကဲမှုဗဟိုဌာန၊ Novodarovka အနီးရှိ ဂြိုလ်တုဆက်သွယ်ရေးစခန်းတစ်ခုနှင့် Vladimirovka မြောက်ဘက်ရှိ ယူကရိန်း မောင်းသူမဲ့လေကြောင်းထိန်းချုပ်ရေးစင်တာ၊တို့ကို အပြင်းအထန်တိုက်ခိုက်ခဲ့သည်”ဟု သူကဆိုသည်။

အရှေ့ဖက်ဗျူဟာတပ်ဖွဲ့၏ ရှေ့တန်းယူနစ်များသည် မိမိတို့၏ထိုးစစ် စစ်ဆင်မှုများကို တားဆီးလာသည့် ယူကရိန်းတပ်များကို ခြေမှုန်းခဲ့ပြီး၊ Donetsk ပြည်သူ့သမ္မတနိုင်ငံရှိ Vladimirovka ၏မြောက်ဘက်ရှိ Staromayorskoye၊ Urozhaynoye၊ Novomikhailovka နှင့် Donetsk ပြည်သူ့သမ္မတနိုင်ငံရှိ Vladimirovka ၏မြောက်ဘက်ရှိ ယူကရိန်းတပ်များ စုဖွဲ့ရာဒေသများကိုလည်း တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု Chekhov ကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here