အမျိုးသမီးများ မူးယစ်ဆေးဝါးသယ်ဆောင်မှုများပြားလာ ယမန်နေ့က သာကေတတွင်အမျိုးသမီးတစ်ဦးအား စိတ်ကြွဆေးပြားများနှင့်အတူဖမ်းမိ

0
335

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုဖြစ်စဥ်များတွင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်သည့် အမျိုးသမီးများကိုလည်း ဖမ်းဆီးရမိမှုများ ဆက်တိုက်နီးပါးရှိခဲ့သဖြင့် အမျိုးသမီးများ မူးယစ်ဆေးဝါးသယ်ဆောင်မှုများပြားလာကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာ ၁ ရက်နေ့လည် ၁ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သာကေတမြို့နယ်၊ ၂/မြောက်ရပ်ကွက်၊ထူပါရုံ(၂၃)လမ်းထိပ်တွင် လမ်းလျှောက်လာသည့် မမိုးမိုးသန်း(၃၇)နှစ်အား ရှာဖွေစစ်ဆေးခဲ့ကြသည်။

ထိုသို့ ရှာဖွေစစ်ဆေးရာ ၎င်းကိုင်ဆောင်လာသည့် လက်ဆွဲအိတ်အတွင်းမှ ငွေကျပ်သိန်း ၂၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၀၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် သာကေတမြို့မရဲစခန်းက စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here