အသက်(၂၀)ကျော်အရွယ် အမျိုးသားတစ်ဦး ငမိုးရိပ်တံတားပေါ်မှခုန်ချ

0
385

ရန်ကုန်တိုင်း၊သင်္ဃန်းကျွန်းမြို့နယ်ရှိ ငမိုးရိပ်တံတားပေါ်မှ အသက်(၂၀)နှစ်ကျော်ခန့်ရှိ အမျိုးသားတစ်ဦးခုန်ချသွားခဲ့မှု စက်တင်ဘာ ၂ ရက် (ယနေ့)နေ့လည် ၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။

“ကားကြီးဂိတ်မှတ်တိုင်နဲ့တံတားဖြူမှတ်တိုင်ကြားက ငမိုးရိပ်တံတားပေါ်ကနေခုန်ချသွားပါတယ် ရှာဖွေရေးတွေလုပ်နေပါတယ် လိုင်စင်တစ်ခုတွေ့ထားပါတယ် ရေစီးနေတဲ့အတွက် ရှာဖွေရတာတော့ အနည်းငယ်ခက်ခဲတာတွေရှိတယ်”ဟု ရှာဖွေကယ်ဆယ်ရေးပြုလုပ်လျက်ရှိသည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လက်ရှိအချိန်၌ ငမိုးရိပ်တံတားပေါ်မှခုန်ချသွားခဲ့သည့် အမျိုးသားအား လူမှုကူညီရေးအသင်းဝင်များက ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Photo-လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here