အခြေခံစားကုန်များစျေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် ပူးပေါင်းပါ၀င်ဆောင်ရွက်ပေးရန် ဆန်စက်လုပ်ငန်းရှင်များအား ဧရာဝတီတိုင်းဝန်ကြီးချုပ်တိုက်တွန်း

0
148

ဩဂုတ် ၃၁ ရက်မွန်းလွဲပိုင်းက ပုသိမ်မြို့ရှိ ဧရာရွှေဝါခန်းမတွင် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှ ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌများ၊ ဆန်ကုန်သည်အသင်းဥက္ကဋ္ဌများနှင့် တွေ့ဆုံရာတွင်ဧရာဝတီတိုင်းဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ် သည်။

ဧရာဝတီတိုင်းသည် မိုးစပါး၊နွေစပါးဧက(၅၂) သိန်းကျော်စိုက်ပျိုးပြီး စပါးတင်းသိန်းပေါင်း(၄) ထောင်ကျော်ထွက်ရှိ၍ တိုင်းဒေသကြီးအတွင်း ဆန်ဖူလုံမှုရှိကာ တိုင်းပြင်ပသို့ တစ်လလျင် ဆန်အိတ်ပေါင်း(၇)သိန်းမှ(၈)သိန်းအထိတင်ပို့လျက်ရှိသည်ဟု ပြောသည်။

ထို့ကြောင့် စိုက်ပျိုးရေးတောင်သူများအတွက် နိုင်ငံ့သွင်းအားစုရန်ပုံငွေများဖြင့် သွင်းအားစုများ ထောက်ပံ့ပေးခဲ့ပြီး တစ်ဧက(၁၀) တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရန် ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

ထို့ကြောင့် စိုက်ဧကပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်သည့်အပြင် အထွက်နှုန်းတိုးလာကာ စပါးများပိုမိုထွက်ရှိလာမည်ဖြစ်၍ ဆန်စျေးနှုန်းတည် ငြိမ်ကျဆင်းလာစေရန် အထောက်အကူပြုသည်ဟု ပြောသည်။

“ဒါ့ကြောင့် အခြေခံစားကုန်တွေ စျေးနှုန်းတည် ငြိမ်ကျဆင်းစေဖို့အတွက် ပူးပေါင်းပါ၀င်ဆောင် ရွက်ပေးကြပါ”ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချမှုအခြေအနေများနှင့်ဆက်လက်ဆောင်ရွက်မည့် အစီအမံများကိုရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here