၄၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ​နှင့် G20 ထိပ်သီးအစည်း​ဝေး​တို့ကိုရှီကျင့်ဖျင်မတက် 

0
222

တရုတ်ဝန်ကြီးချုပ် လီသည် ဂျကာတာတွင် စက်တင်ဘာ ၅ ရက်မှ ၇ ရက်အထိ ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်​ပြီးထိုမှတဆင့် အိန္ဒိယတွင်ကျင်းပမည့် G20 သို့ဆက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁ ရက် သောကြာနေ့တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြု​ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ယခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးကိုမတက်​ရောက်သလို လာမည့်သီတင်းပတ်တွင် အိန္ဒိယနိုင်ငံ၌ G20 ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကိုလည်းတက်​ရောက်မည်မဟုတ်​ကြောင်းအိန္ဒိယ၊တရုတ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက Reuters သို့ ပြောကြားခဲ့သည်။

ထိုအတောအတွင်း အိမ်ဖြူတော်က လည်းဘိုင်ဒင်သည် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်မဟုတ်ကြောင်းနှင့်အိန္ဒိယ G20 ထိပ်သီးအစည်းအဝေးကိုဘိုင်ဒင်အစား ဒုသမ္မတ ကမ်လာ ဟဲရစ် က ကိုယ်စားပြု တက်ရောက်မည်ဖြစ် သည်။ ရုရှသမ္မတပူတင်လည်း G20 မတက်​ရောက်ဟုထုတ်ပြန်ထားပြီးဖြစ်သည်။

ရှီနှင့်ဘိုင်ဒင် တို့သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ဘာလီ၌G20 ထိပ်သီးအစည်းအဝေးတွင် နောက်ဆုံးတွေ့ဆုံခဲ့ကြသည်။

အင်အားကြီးနှစ်နိုင်ငံသည် ကုန်သွယ်မှုနှင့် ပထဝီနိုင်ငံရေးတင်းမာမှုများ ကြားတွင် ကျဆင်းနေသော ဆက်ဆံရေးကို တည်ငြိမ်စေရန် ကြိုးပမ်းလျက်ရှိသည်။

ယခုနှစ် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံပေါင်း ၂၂ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၉ ခု တက်ရောက်မည်ဖြစ်သည်။

ထိပ်သီးအစည်းအဝေးကို အာဆီယံ ဆွေးနွေးဖက်ကိုးနိုင်ငံ(တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ တရုတ်၊ နယူးဇီလန်၊ ကနေဒါ၊ ရုရှားနှင့် အမေရိကန်) နှင့် အရှေ့အာရှ ထိပ်သီးအစည်းအဝေး အဖွဲ့ဝင်များ ပါဝင်မည်ဖြစ်သည်။

Ref:en.tempo.co


LEAVE A REPLY

Please enter your comment!
Please enter your name here