နိုင်ဂျီးရီးယားသည် ကမ္ဘာတစ်ဝှမ်းမှ ၎င်း၏ သံတမန်များကို ပြန်လည်ခေါ်ယူ

0
263

နိုင်ဂျီးရီးယားသမ္မတ ဘိုလာတီနူဘူသည် နိုင်ဂျီးရီးယားသံတမန်ဆိုင်ရာ မစ်ရှင်များ၏ အခြေအနေများကို လေ့လာဆန်းစစ်ပြီးနောက် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံ့သံတမန်အားလုံးကို ပြန်လည်ခေါ်ယူရန် အမိန့်ပေးခဲ့သည်။ အဆိုပါ ကြေညာချက်ကို သမ္မတ၏ လူမှုကွန်ရက် X (ယခင် Twitter ဟုခေါ်သည်) တွင် စနေနေ့က ထုတ်ပြန်ခဲ့သည်။

“သမ္မတ ဘိုလာတီနူဘူသည် ကမ္ဘာတစ်ဝှမ်းရှိ ၎င်းတို့၏ တာဝန်များတွင်လက်ရှိတာဝန်ထမ်းဆောင်နေကြသူများဖြစ်စေ လက်ရှိတွင်တာဝန်ထမ်းဆောင်ခြင်းမရှိသူဖြစ်စေ သံတမန်အားလုံးကို ပြန်လည်ခေါ်ယူရန် ညွှန်ကြားထားသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နယူးယောက်နှင့် ဂျီနီဗာရှိ နိုင်ဂျီးရီးယားနိုင်ငံ၏ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်များမှာမူ လာမည့်ကုလသမဂ္ဂအထွေထွေညီလာခံတွင်တက်ရောက်ရန်ရှိသည့်အတွက် ပြန်လည်ခေါ်ယူခြင်းမှ ကင်းလွတ်ခွင့်ရကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here