အာဆီယံစီးပွားရေး အကြံပေးကောင်စီ၏အနာဂတ်အတွက်မျှော်လင့်ချက်

0
203

အာဆီယံစီးပွားရေး အကြံပေးကောင်စီ (ASEAN-BAC) သည် အာဆီယံတွင် စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍနှင့်အစိုးရပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် အဆင်သင့်ဖြစ်နေပြီဟု ကောင်စီ၏ ဥက္ကဋ္ဌ အာဂျဒ်ရာဂျစ်က ပြောကြားခဲ့သည်။၄င်းသည် မြန်မာနိုင်ငံသို့ ယခုနှစ်မေလဆန်းက roadshow အစီစဥ်ဖြင့်လာရောက်ခဲ့ဖူးသည်။

“အာဆီယံ-BAC သည် အာဆီယံနိုင်ငံတိုင်း၏ တိုးတက်မှုဗဟိုချက်အဖြစ် သတ်မှတ်ရန် အာဆီယံ-BAC မှ မူဝါဒအကြံပြုချက်များကို ပေးအပ်ခဲ့ကြောင်း၊” ဟု ရာဂျစ် က သောကြာနေ့က ဂျကာတာ၌ ကျင်းပသော ၂၀၂၃ အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတွင် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံက ဥက္ကဋ္ဌတာဝန်ယူချိန်တွင် (ASEAN-BAC) သည် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ၂၀၂၃ကို ကျင်းပခဲ့ပြီး နိုင်ငံစုံနှင့် ဒေသတွင်း ကော်ပိုရေးရှင်းများကို ကိုယ်စားပြုသော အကြီးတန်းအမှုဆောင်အရာရှိ ၂၀၀၀ကျော် တက်ရောက်ခဲ့သည်။

အနာဂတ်တွင် ဝန်ဆောင်မှုကဏ္ဍ ပြန်လည်ဦးမော့လာမည်ဖြစ်ခါ
ဒေသတွင်းသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (FDI)မှာ ၂၀၂၂ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၂၄ ဘီလီယံအထိ ၅.၅ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

အာဆီယံသည် လျှပ်စစ်ကားများနှင့် လျှပ်စစ်မော်တော်ကား ဂေဟစနစ်အတွက် အဓိကကျသော ထုတ်လုပ် မှုစင်တာဖြစ်လာရန် အလားအလာကောင်းရှိကြောင်း ရာဂျစ် ကပြောကြားခဲ့သည်။

ထို့အပြင် အာဆီယံခေါင်းဆောင်များသည် ၂၀၂၃ ခုနှစ် မေလကဒေသဆိုင်ရာ လျှပ်စစ်ယာဉ် ဂေဟစနစ် ဖွံ့ဖြိုးတိုးတက်ရေး ကြေညာ ချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း ၎င်းက အသိပေးသည်။

အဆိုပါ ကတိကဝတ်များအတိုင်း ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကို အကောင်အထည်ဖော်ရန် အစိုးရနှင့်စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ဖြတ်ကျော် အပြန်အလှန် ဆက်ဆံမှုများ လိုအပ်ကြောင်း ၎င်းက ထုတ်ဖော် ပြောကြားခဲ့သည်။

Source:en.antaranews


LEAVE A REPLY

Please enter your comment!
Please enter your name here